တရုတ်နိုင်ငံ၌ နွေဦးပွဲတော်အားလပ်ရက်အတွင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ၁၇ ဒသမ ၇ သန်းကျော်ဖြင့်စံချိန်တင်



ဖေဖော်ဝါရီ ၂၄

တရုတ်နိုင်ငံတွင်  ဖေဖော်ဝါရီ ၂၃ ရက်ကပြီးဆုံးခဲ့သည့် နွေဦးပွဲတော်အားလပ်ရက်ကာလအတွင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် စုစုပေါင်း ၁၇ ဒသမ ၇၉၆ သန်းရှိကြောင်း တရားဝင်အချက်အလက်များ ဖော်ပြထားသည်။

ထိုကာလအတွင်း ပျမ်းမျှနေ့စဉ်နယ်စပ်ဖြတ်ကျော်ခရီးစဉ်အရေအတွက်သည် ယခင်နှစ်က ၁ ဒသမ ၉၇၇ သန်းအထိ ရှိရာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။

၎င်းတို့အနက် ပြည်မကြီးတွင်နေထိုင်သူများနှင့် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့တွင် နေထိုင်သူများ၏ နေ့စဉ်နယ်စပ်ဖြတ်ကျော်ခရီးစဉ်အရေအတွက်သည် ယခင်နှစ်ကထက်  ၁၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။

နိုင်ငံတကာခရီးသွားများသည် ဖြတ်ကျော်မှု ၁ ဒသမ ၃၁၃ သန်း ရှိပြီး နေ့စဉ်ပျမ်းမျှဝင်ရောက်မှုသည် ယခင်နှစ်ကထက် ၂၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ နိုင်ငံတကာခရီးသွားများအနက် ဗီဇာကင်းလွတ်ခွင့်မူဝါဒများဖြင့် ဝင်ရောက်လာသူ ၄၆၀၀၀၀ ဦးရှိရာ ပြီးခဲ့သည့်နှစ် အားလပ်ရက်အတွင်း နေ့စဉ်ပျမ်းမျှဝင်ရောက်မှုထက် ၂၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံသည် ၎င်း၏ တစ်ဖက်သတ်ဗီဇာမဲ့ ဝင်ရောက်ခွင့်ကို နိုင်ငံပေါင်း ၅၀ အထိတိုးချဲ့ကာ တရုတ်နှစ်သစ်ကူး၏ ပထမဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ခဲ့သော ထိုအစီအစဉ်အောက်တွင် ကနေဒါနှင့် ဗြိတိန်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကိုပါ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က   နာရီပေါင်း ၂၄၀ ကြာ ဗီဇာမဲ့ဖြတ်သန်းခွင့် (visa-free transit) အစီအစဉ်အောက်တွင် အကျုံးဝင်သည့် ဝင်ပေါက်စုစုပေါင်း ၆၅ ခုအထိ ရောက်ရှိလာခဲ့ရာ နိုင်ငံတကာခရီးသွားများအတွက် ခရီးသွားလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူမြန်ဆန်စေခဲ့သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.