နီပေါနိုင်ငံတွင် နိုင်ငံခြားကုန်သွယ်မှု ဆက်လက်တိုးတက်လျက်ရှိ
ဖေဖော်ဝါရီ ၂၁
နီပေါနိုင်ငံသည် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမခုနစ်လအတွင်း နိုင်ငံခြားကုန်သွယ်မှုတွင် နှစ်အလိုက်တိုးတက်မှုကို မှတ်တမ်းတင်ထားပြီး ပို့ကုန်နှင့် သွင်းကုန်နှစ်မျိုးလုံး ဆက်လက်တိုးတက်လျက်ရှိကြောင်း အစိုးရ၏ အချက်အလက်များက ပြသနေသည်။
အဆိုပါကုန်သွယ်မှု၏ ခုနစ်လတာ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လလယ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလလယ်အတွင်း နီပေါရူပီး ၁ ဒသမ ၂၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၈ ဘီလီယံခန့်) ရှိကာ စုစုပေါင်းပမာဏ၁၅ ဒသမ ၇၆ ရာခိုင်နှုန်း မြင့်တက်လာပြီးကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလအတွင်း ၁ ဒသမ ၁၁ ထရီလီယံ ရှိခဲ့ရာမှ မြင့်တက်လာကြောင်း အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။
ပို့ကုန်ပမာဏသည် ရူပီး ၁၆၈ ဒသမ ၁၄ ဘီလီယံ ရှိကာ ၃၂ ဒသမ ၁၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် သွင်းကုန်ပမာဏ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း သိရသည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် နီပေါ၏အဓိကကုန်သွယ်ရေးမိတ်ဖက်နှစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက် ရှိသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments