လိဂ်ဝမ်းကလပ် ဝီဂန်က ရွိုင်ယန်လိုဝီကို နည်းပြအဖြစ်မှ ထုတ်ပယ်
လိဂ်ဝမ်းကလပ် ဝီဂန်အသင်းသည်
ဖေဖော်ဝါရီ ၇ ရက်က ပီတာဘရော့ဂ်အသင်းကို ခြောက်ဂိုး-တစ်ဂိုး ဖြင့် ရှုံးနိမ့်ပြီးနောက်
ယခုအခါ ရွိုင်ယန်လိုဝီကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရ သည်။
၎င်းသည် ဝီဂန်အသင်းကို နည်းပြအဖြစ်
၁၁ လကြာတာဝန်ယူပြီးနောက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အသက် ၄၇ နှစ်အရွယ် အဆိုပါနည်းပြကို
၂၀၂၅ ခုနှစ် မတ်လတွင် သုံးနှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း
၎င်းတာဝန်ယူကိုင်တွယ်သည့် ပွဲစဉ် ၄၉ ပွဲတွင် ၁၂ ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။
ဝီဂန်အသင်းသည် လက်ရှိ လိဂ်ဝမ်း ၂၉ ပွဲကစားပြီးချိန်တွင် ရမှတ် ၃၁ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း
ကျရောက်နေသည်။
မိုးဇက်

No comments