လင်းခေးမြို့နယ်၌ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နှမ်းသီးနှံ ၅၇ ဧကအတွက် သွင်းအားစု (မြေသြဇာ)နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်
လင်းခေး ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၌ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နှမ်းသီးနှံ ၅၇ ဧကအတွက် သွင်းအားစု(မြေသြဇာ)နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းခိုင်က ထောက်ပံ့ပေးအပ် ပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု ပင်ထနောင်း ကျေးရွာရှိ တောင်သူ ၃၂ ဦး၏ စုစုပေါင်းပျက်စီးဧက ၅၇ ဧကအတွက် တစ်ဧကလျှင် ၁၆၄၄၁၃ ကျပ်၊ ယူရီးယား ဓာတ်မြေသြဇာ တစ်အိတ် လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းနှင့် ငွေ ၁၂၄၄၁၃ ကျပ် တို့ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)

No comments