နွေဦးပွဲတော် ခရီးသွားလာမှုအတွက် ရောင်းချထားပြီးရထားလက်မှတ်ပေါင်း သန်း ၁၄၀ ကျော်ရှိ



ဖေဖော်ဝါရီ ၉

တရုတ်နိုင်ငံ၏ ရထားလက်မှတ်ရောင်းချသည့်ပလက်ဖောင်း 12306 သည် နွေဦးပွဲတော် ခရီးသွားလာမှုအတွက် ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီအထိ ရထားလက်မှတ် စုစုပေါင်း သန်း ၁၄၀ ရောင်းချပြီးဖြစ်ကြောင်း နိုင်ငံ၏ ရထားလုပ်ငန်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

အမျိုးသားရထားလမ်းကွန်ရက်သည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ခရီးသည်တင်ခရီးစဉ် ၁၂ ဒသမ ၈၄၅ သန်း စီမံဆောင်ရွက်ခဲ့ပြီး နေ့စဉ်ခရီးသည်တင်ခရီးစဉ် ၁၀ သန်းကျော်ရှိသည့် ပဉ္စမမြောက်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း China State Railway Group Co., Ltd. က  ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ ရထားလမ်းများသည် ဖေဖော်ဝါရီ ၇ ရက်တွင် ခရီးသည်တင်ခရီးစဉ် ၁၃ ဒသမ ၈ သန်း သယ်ယူပို့ဆောင်ပေးမည်ဟု ခန့်မှန်းထားပြီး ခရီးသွားလာမှု လိုအပ်ချက်ကို ဖြည့်ဆည်းရန် ခရီးသည်တင်ရထား ၁၂၄၉ စင်း ထပ်မံစီစဉ်ထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းရှိရထားလမ်းအာဏာပိုင်များသည် ထိုရာသီအတွင်း ခရီးသည်များသွားလာမှုကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီးအသွားအလာများသောလမ်းကြောင်းများတွင် သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ပေးကာ ခရီးသည်များအတွက် ချောမွေ့သောခရီးစဉ်များရရှိစေရန် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရက်ပေါင်း ၄၀ ကြာမြင့်သည့် အဆိုပါ ခရီးသွားရာသီတွင် နိုင်ငံတစ်ဝန်း၌ ဒေသဖြတ်ကျော် ခရီးသည်တင်ခရီးစဉ် ၉.၅ ဘီလီယံ စံချိန်တင်ရှိလာမည်ဟု မျှော်မှန်းထားသည်။ ယင်းပမာဏ စုစုပေါင်းအနက် ခရီးသည်တင်ခရီးစဉ် သန်း ၅၄၀ ခန့်အား တရုတ်နိုင်ငံ၏ မီးရထားဝန်ဆောင်မှုများက စီမံဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.