နေပြည်တော်ဘူတာကြီး သန့်ရှင်းသာယာရေး စုပေါင်းလုပ်အားပေးဆောင်ရွက်
နေပြည်တော်
ဖေဖော်ဝါရီ ၂၈
ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီး ရှေ့နောက်
ဘေးပတ်ဝန်းကျင်နှင့် ဘူတာတောင်ဘက်နှင့် မြောက်ဘက်ရှိ ယာယီဝန်ထမ်း အိမ်ရာများ၊
ဝန်ထမ်းသက်သာအဖြစ် စိုက်ပျိုးထားရှိသော ငှက်ပျောခြံနှင့် သရက်ခြံပတ်ဝန်းကျင်များ
သန့်ရှင်း သာယာရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းတွင်
မြန်မာ့မီးရထားရုံးချုပ်မှ အရာထမ်း/အမှုထမ်းများက စုပေါင်းသန့်ရှင်းရေး
ဆောင်ရွက်ကြသည်။
ထိုသို့
ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး ယခုအခါ
နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေး ဂရုပြုဆောင်ရွက်ကြရန်၊
နေပြည်တော် ဘူတာကြီးသည် ခရီးသွား ပြည်သူများ အမြဲလာရောက်သည့် နေရာဖြစ်သဖြင့်
သန့်ရှင်းသာယာရေးကို အမြဲတမ်း ဆောင်ရွက်ကြရန်နှင့် ဘူတာဝင်းအတွင်းထားရှိသော အလှပြရေနွေးငွေ့
စက်ခေါင်းများ၏ သန့်ရှင်း ကြံ့ခိုင်ရေးကိုလည်း ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
စုပေါင်းဆောင်ရွက်
စုပေါင်းလုပ်အားပေးပွဲတွင်
ဝန်ထမ်းများက ချုံနွယ်ပိတ်ပေါင်းများနှင့် သစ်ရွက်ခြောက်များအား
စုပေါင်းရှင်းလင်းခြင်း၊ နေပြည်တော် ဘူတာဝင်းအတွင်းရှိ အောင်စင်္ကြာ
ရတနာမုနိဘုရားအနီး ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းလုပ်အားပေးခြင်း၊
ဝန်ထမ်းသက်သာအတွက် စိုက်ပျိုးထားရှိသော သရက်ခြံအတွင်း ပေါင်းပင်များ၊ ကျွန်းပင်များအတွင်း
သစ်ရွက်ခြောက်များ ရှင်းလင်းခြင်းနှင့် မီးဘေးကာကွယ်ရေးအတွက် မီးတားလမ်းများပြုလုပ်ခြင်းတို့ကို
စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments