အီတလီနိုင်ငံ၌ ၂၀၂၆ ခုနှစ် မီလန်နို ကော်တီနာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ
ဖေဖော်ဝါရီ ၂၃
အီတလီနိုင်ငံမြောက်ပိုင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်မြို့ ဗီရိုနာတွင် မီလန် ကော်တီနာ ၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ရောမဇာတ်ရုံ ဗီရိုနာ အားကစားကွင်းတွင် ဒေသစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအားကစားပွဲတွင်ပါဝင်သော နိုင်ငံများနှင့် နယ်မြေများ၏ အလံများကို ကိုင်ဆောင်ထားသော အားကစားသမားများနှင့် စေတနာ့ဝန်ထမ်းများသည် အားကစားကွင်းအတွင်းသို့ ချီတက်ခဲ့ကြကြောင်း၊ ၎င်းတို့တွင် ငွေတံဆိပ်နှစ်ခု ရရှိခဲ့သော ဂျပန် ရေခဲပြင်စကိတ်စီးသမား ဆာကာမိုတို ကာအိုရီနှင့် ဂျပန် မြန်နှုန်းစကိတ်စီးသမား မိုရီရှီဂဲ ဝါတာရုတို့ ပါဝင်ကြောင်းနှင့် ဂျပန်နှင့် အီတလီ နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းနေသော ဂျပန်အသင်းမှ အဖွဲ့ဝင် ၅၀ ခန့် အပါအဝင် အားကစားသမားများ၏ စီတန်းလှည့်လည်မှုဖြင့် လိုက်ပါခဲ့ကြောင်း သိရသည်။
၂၀၃၀ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြင်သစ်ဒေသများမှ ကိုယ်စားလှယ်များထံသို့ အိုလံပစ်အလံကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
မီလန်နဲ့ ကော်တီနာမြို့များတွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသော အိုလံပစ်မီးတောက်နှစ်ခု မီးငြိမ်းသွားခဲ့ခြင်းသည် ၁၇ ရက်ကြာ ကမ္ဘာ့ဆောင်းရာသီအားကစားပြိုင်ပွဲ ပြီးဆုံးသွားပြီဟု ညွှန်ပြနေကြောင်းနှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပြိုင်ပွဲများကို မတ်လ ၆ ရက်နေ့တွင် စတင်ကျင်းပရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments