တရုတ်နိုင်ငံ၌ ၂၀၂၆ ခုနှစ် နွေဦးပွဲတော်အတွင်း ရထားခရီးသည် ၂၅၈ သန်း ခရီးသွားလာမှုရှိ
ဖေဖော်ဝါရီ ၂၃
တရုတ်နိုင်ငံတွင် ယခုနှစ် ရက်ပေါင်း ၄၀ ကြာ နွေဦးပွဲတော် ခရီးသွားလာမှုအတွင်း ရထားဖြင့်ခရီးသွားလာသူဦးရေ ၂၅၈ သန်း ရှိကြောင်း အမျိုးသားရထားလမ်း အော်ပရေတာက ယမန်နေ့ကပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် နွေဦးပွဲတော် ခရီးသွားရာသီ၏ ၂၀ ရက်မြောက်နေ့ဖြစ်သော ဖေဖော်ဝါရီ ၂၁ ရက်တွင် ရထားခရီးသည် ၁၇ ဒသမ၁၉ သန်းခန့်ဖြင့်စံချိန်တင်ခဲ့ကြောင်း China State Railway Group Co, Ltd ၏ ပြောကြားချက်အရ သိရသည်။
ရထားခရီးသွား အရေအတွက်မြင့်တက်လာမှုကိုဖြည့်ဆည်းရန်အတွက် ခရီးသည်တင်ရထား စုစုပေါင်း ၂၂၀၃ စင်း ထပ်မံစီစဉ်ထားသည်ဟု သိရသည်။
တရုတ်နှစ်သစ်ကူးဟုလည်း လူသိများသော နွေဦးပွဲတော်သည် ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျရောက်ခဲ့သည်။ ခရီးသွားလာမှု မြင့်တက်လာမှုကို ချွန်ယွန်ဟုလည်း ရည်ညွှန်းလေ့ရှိပြီး ကမ္ဘာ့အကြီးဆုံး နှစ်စဉ်လူသား ရွှေ့ပြောင်းသွားလာမှုအဖြစ် မကြာခဏ ဖော်ပြလေ့ရှိသည်ဟု သိရသည်။
ရက်ပေါင်း ၄၀ ကြာ ခရီးသွားလာမှုကာလသည် ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ မတ်လ ၁၃ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments