ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှုတို့ကြောင့် ခြောက်ဦးထက်မနည်းသေဆုံး
ဖေဖော်ဝါရီ ၁၁
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှုတို့ကြောင့် ခြောက်ဦးထက်မနည်း သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် Minas Gerais နှင့် Rio de Janeiro ပြည်နယ်များထိခိုက်မှုရှိကြောင်းနှင့် သေဆုံးသူများတွင် ကလေးများလည်း ပါဝင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုနှင့်မြေဆီလွှာများ ပျော့ပျောင်းလာမှုကြောင့် နောက်ထပ် မြေပြိုမှုများ ဖြစ်ပွားနိုင်ခြေရှိသဖြင့် အာဏာပိုင်များက သတိပေးပြောကြားထားသဖြင့် ပြည်နယ်နှစ်ခုလုံးတွင် အရေးပေါ်အခြေအနေ ထားရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments