သီရိလင်္ကာနိုင်ငံ၌ နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်အဟုန်မြှင့်လုပ်ဆောင်
ကိုလံဘို ဖေဖော်ဝါရီ
၁၀
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သတင်း ဖော်ပြချက်များကို အလေးထားတုံ့ပြန် ဆောင်ရွက်သည့်အနေဖြင့်
သီရိလင်္ကာကျန်းမာရေး အာဏာပိုင်များသည် နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအစီအမံများကို
အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်ဟု အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကျန်းမာရေးဝန်ကြီး
နာလင်ဒါဂျာယာ တစ်ဆာက ပြောသည်။
နိုင်ငံတွင်းသို့ နိုင်ငံခြားသားဝင်ရောက်မှု
တဖြည်းဖြည်းတိုးလာခြင်းကို ကိုးကားဖော်ပြပြီး ကျန်းမာရေးဝန်ကြီးဌာနသည် လေဆိပ်များနှင့်
အခြားဝင်ပေါက်နေရာများတွင် နီပါးရ်ဗိုင်းရပ်စ်
ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက် အပတ်စဉ်ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေး
ဝန်ကြီးဌာနက ပြောကြားလိုက် သည်။ ပြည်ပအဝင်ခရီးစဉ်များမှတစ်ဆင့် နီပါးရ်ဗိုင်းရပ်စ်ကူးစက်နိုင်
ခြေကို လျှော့ချရန် စောင့်ကြည့်ရေးယန္တရားများကို အားကောင်းလာအောင် ဆောင်ရွက်လျက် ရှိသည်ဟု ၎င်းက ဆက်လက်မှတ်ချက်ပြုပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ်အတည်ပြုလူနာများနှင့်
သေဆုံးသူများရှိကြောင်း ဖော်ပြပြီးနောက် နိုင်ငံ့ကျန်းမာရေးဌာနက အဆိုပါဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီး
နာလင်ဒါဂျာယာတစ်ဆာက ပြောသည်။
နိုင်ငံ၏ကျန်းမာရေးအာဏာပိုင်များက
အထူးသဖြင့် ကိုလံဘိုတွင် ကျင်းပရန် စီစဉ်ထားသော နိုင်ငံတကာ အားကစားပွဲကြီးများအတွက်
နိုင်ငံခြားဧည့်သည်များ ရောက်ရှိလာမည်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ်လိုအပ်ပါက
ဆောလျင်စွာတုံ့ပြန်နိုင်ရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းက ပြောသည်။
ဆင်ဟွာ

No comments