ဂါဇာတွင်အပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက်ပိုင်းအစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၅၀၀ ကျော်သေဆုံး



ဖေဖော်ဝါရီ ၂

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာလကအပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက်ပိုင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူ ၅၀၀ ကျော်သေဆုံးခဲ့သည်ဟု ဂါဇာဒေသရှိအာဏာပိုင်များက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ငြိမ်းချမ်းရေးအစီအစဉ်၏ ပထမအဆင့်အဖြစ် ပြီးခဲ့သည့်နှစ်က အသက်ဝင်ခဲ့သော်လည်း အစ္စရေးသည် ဟားမတ်စ်အား ထိုသဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲကာ ရံဖန်ရံခါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေးက ဂါဇာတစ်ဝန်းရှိ လက်နက်သိုလှောင်ရုံနှင့် အခြားဟားမတ်စ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေသခံများကို ခိုလှုံခွင့်ပေးထားသည့် အဆောက်အအုံများနှင့် တဲများ တိုက်ခိုက်ခံရမှုကြောင့် နယ်မြေ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် လူ ၃၁ ဦး သေဆုံးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက်ပိုင်း သေဆုံးသူဦးရေ ၅၀၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက  ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.