နီပေါနိုင်ငံအလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး မြစ်အတွင်းသို့ ထိုးကျသွားသဖြင့် ၁၈ ဦး သေဆုံး



ဖေဖော်ဝါရီ ၂၃

နီပေါနိုင်ငံအလယ်ပိုင်းရှိ ပိုခါရာမှ ကတ္တမန္ဒူသို့ ဦးတည်သွားနေသော ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ယနေ့အစောပိုင်းတွင် နိုင်ငံအလယ်ပိုင်း ဒါဒင်းခရိုင်ထရီရှူလီ မြစ်အတွင်းသို့ ထိုးကျသွားမှုကြောင့် နိုင်ငံခြားသားတစ်ဦးအပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါဘတ်စ်ကားပေါ်တွင် လူ ၄၅ ဦးလိုက်ပါလာကြောင်းနှင့်  အဝေးပြေးလမ်းမကြီးမှ မြစ်အတွင်းသို့ ထိုးကျသွားမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရသူ ၂၇ ဦးအနက် အများစုသည် ဒေသခံဆေးရုံတစ်ခုတွင်ကနဦးကုသမှုခံယူပြီးနောက် နောက်ထပ်ကုသမှုခံယူရန် ကတ္တမန္ဒူရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ထားကြောင်း  ခရိုင်အုပ်ချုပ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ နောက်ထပ်နိုင်ငံခြားသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.