သိပ္ပံပညာရှင်များသည် မျိုးသုဉ်းနိုင်ခြေရှိသောတောရိုင်းတိရစ္ဆာန်များကို ခြေရာခံလေ့လာရာတွင် ခြင်များကို အသုံးပြု

 


မတ် ၂၀

ဩစတြေးလျနိုင်ငံရှိ သိပ္ပံပညာရှင်များက ခြင်များသည် သေးငယ်ပြီး ပျံသန်းနေသော တိရစ္ဆာန် စစ်တမ်းကောက်ယူသူများအဖြစ် လုပ်ဆောင်နိုင်ကြောင်းနှင့်ရှားပါးပြီး မျိုးသုဉ်းနိုင်ခြေရှိသော တိရစ္ဆာန်များကို ခြေရာခံရာတွင် ကူညီနိုင်ကြောင်း တွေ့ရှိခဲ့သည်။

သုတေသီများသည် ရှားရှားပါးပါးသာ မြင်တွေ့ရသော သို့မဟုတ် စောင့်ကြည့်ရန်ခက်ခဲသော တိရစ္ဆာန်များအပါအဝင် သြစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေရှိ Kakadu အမျိုးသားဥယျာဉ်တွင် နေထိုင်သော ငှက်နှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၇၀ ခန့်ကို ဖော်ထုတ်ရန် ခြင်များ၏ သွေးလျှောက်မှုအတွင်း တေွ့ရှိရသော DNA ကို အသုံးပြုခဲ့ကြောင်း သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါနည်းပညာတွင် မကြာသေးမီက စားသုံးခဲ့သော အမခြင်များမှ တိရစ္ဆာန်များ၏ DNA ကို ခွဲခြမ်းစိတ်ဖြာခြင်း ပါဝင်သည်။ ခြင်များကို ထောင်ချောက်ဆင်ကာ DNA ၏ သဲလွန်စများကို ထုတ်ယူပြီး ထိုဒေသတွင် မည်သည့်မျိုးစိတ်များ ရှိနေသည်ကို ဆုံးဖြတ်နိုင်ကြောင်း တက္ကသိုလ်နှင့် သြစတြေးလျ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ ပတ်ဝန်းကျင်နှင့် ရေဌာနမှ သုတေသီများက ပြောကြားခဲ့သည်။

Environmental DNA ဂျာနယ်တွင် ထုတ်ဝေခဲ့သော လေ့လာမှုတွင် ခြင်နည်းလမ်းသည် ခြောက်ပတ်ကြာ ကင်မရာစောင့်ကြည့်မှုနှင့် နှိုင်းယှဉ်ပါက နှစ်ညသာ နမူနာယူခဲ့သော်လည်း ရိုးရာကင်မရာ ထောင်ချောက်များထက် နို့တိုက်သတ္တဝါမျိုးစိတ် နှစ်ဆခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.