စင်ကာပူနိုင်ငံသို့ ဖေဖော်ဝါရီလတွင် တရုတ်ပြည်မကြီးမှလာရောက်လည်ပတ်သူဦးရေ ယခင်နှစ်ကထက် ၆၁ ရာခိုင်နှုန်း မြင့်တက်
မတ် ၁၆
စင်ကာပူနိုင်ငံသို့ ဖေဖော်ဝါရီလတွင် တရုတ်ပြည်မကြီးမှလာရောက်လည်ပတ်သူဦးရေ ၄၃၂၃၃၀ ဦးအထိ ရောက်ရှိခဲ့ရာ ၂၀၂၅ ခုနှစ် အလားတူလက လာရောက်လည်ပတ်သူဦးရေထက် ၆၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများက ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ တရုတ်နှစ်သစ်ကူးအားလပ်ရက်သည် ခရီးသွားလာမှုဝယ်လိုအားကို မြှင့်တင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီလတွင် တရုတ်ပြည်မကြီးသည် စင်ကာပူနိုင်ငံ၏ အကြီးဆုံးခရီးသွားဝင်ရောက်မှုရင်းမြစ်အဖြစ် ဆက်လက်တည်ရှိနေပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ လာရောက်လည်ပတ်သူဦးရေ ၁၆၇၀၄၀ ဦးနှင့် ၉၀၂၁၀ ဦး အသီးသီးရှိသည်ဟု သိရသည်။
စင်ကာပူနိုင်ငံသို့ ဖေဖော်ဝါရီလတွင် လာရောက်လည်ပတ်သူ ၁ ဒသမ ၅ သန်း ရှိရာ ယခင်နှစ် အလားတူကာလကထက် ကိုးရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments