ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းတွင် ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားသူ ၂၉ ဦးရှိ



မတ် ၃၁

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ယခုနှစ်အစပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားသူ ၂၉ ဦး ရှိပြီး သေဆုံးသူ မရှိကြောင်း ဒေသတွင်း နေ့စဉ်သတင်းစာ Tuoi Tre က ယနေ့တွင် ဖော်ပြခဲ့သည်။

မတ်လ ၂၀ ရက်မှ ၂၇ ရက်အတွင်း မြို့နယ်နှင့် ရပ်ကွက် ၁၂ ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားသူ ၁၇  ဦး ရှိကြောင်း ဟနွိုင်းရောဂါထိန်းချုပ်ရေးဌာန၏ဖော်ပြချက်အရ သိရသည်။ ယခင်သီတင်းပတ်က ရောဂါကူးစက်မှု သုံးဦးအထက် မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ လက်ရှိစောင့်ကြည့်နေသော BA.3.2 မျိုးကွဲနှင့်ပတ်သက်ပြီး ပြည်တွင်းကျန်းမာရေးဌာနက လူထုအား သတိရှိရှိဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းမပြုရန် အကြံပြုထားသည်။

ပြည်တွင်း ကျန်းမာရေးအာဏာပိုင်များက လူထူထပ်သောနေရာများ၊ ပိတ်လှောင်ထားသောနေရာများတွင် နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ ပုံမှန်သန့်ရှင်းရေးပြုလုပ်ခြင်း (disinfection)၊ ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာပါက ဆေးကုသမှုခံယူခြင်းကဲ့သို့သော ကြိုတင်ကာကွယ်ရေး အစီအမံများကို ဆက်လက်လိုက်နာကြရန် ပြည်သူများအား တိုက်တွန်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.