ဘင်္ဂလားဒေ့ရှ်လေဆိပ်များတွင် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ပြည်ပလေယာဉ်ခရီးစဉ် ၆၀၀ နီးပါး ဖျက်သိမ်းခဲ့ရ



မတ် ၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏လေဆိပ်ကြီးနှစ်ခုတွင် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်း နိုင်ငံတကာလေယာဉ်ခရီးစဉ် ၆၀၀ ခန့် ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။

သက်ဆိုင်ရာအာဏာပိုင်များ၏ပြောကြားချက်အရ ဒါကာရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၄ ရက်တစ်ရက်တည်းမှာပင် လေယာဉ်ခရီးစဉ် ၂၄ ခု ဖျက်သိမ်းခဲ့ရပြီး နိုင်ငံအရှေ့တောင်ပိုင်း Chattogram ဆိပ်ကမ်းမြို့ရှိ Shah Amanat အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယင်းနေ့တွင်ပင် လေယာဉ်ခရီးစဉ် ခုနစ်ခု ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်ကစတင်သော အရှေ့အလယ်ပိုင်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဒေသတွင်းနိုင်ငံများက ၎င်းတို့၏လေပိုင်နက်ကို ပိတ်ခြင်း သို့မဟုတ် ကန့်သတ်ချက်များ ချမှတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.