ဩစတြေးလျနိုင်ငံ၌ စက်သုံးဆီအခွန် သုံးလတာ ထက်ဝက်လျှော့ချမည်



ကင်ဘာရာ  မတ်  ၃၀

ဩစတြေးလျနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုကို တုံ့ပြန်ရန် စက်သုံးဆီ ရောင်းချမှုအပေါ် အခွန်စည်းကြပ်မှုကို ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်  အန်တိုနီအယ်ဘာ နီးစ်က  မတ် ၃၀ ရက်တွင် ‌ကြေညာခဲ့သည်။

အယ်ဘာနီးစ်က ကင်ဘာရာမြို့၌ မတ် ၃၀ ရက် နံနက်ပိုင်းက ဝန်ကြီးချုပ်နှင့်ပြည်နယ် တာဝန်ရှိ သူများ တွေ့ဆုံပြီးနောက် စက်သုံးဆီစည်းကြပ်ခွန်ကို ဧပြီ ၁ ရက်မှစ၍ သုံးလတာအထိ လျှော့ချ သွားမည်ဖြစ်ကြောင်း  သတင်းထောက်များကို ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဓာတ်ဆီနှင့်       ဒီဇယ်ဆီ၏ကုန်ကျစရိတ်ကို တစ်လီတာလျှင် ၂၆ ဒသမ ၃ ဆင့်အထိ ကနဦးလျှော့ချသွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတစ်ဝန်း ပျမ်းမျှစက်သုံးဆီဈေးနှုန်းမှာ မတ် ၂၉ ရက်အထိ ရက်သတ္တပတ်အတွင်း တစ်လီတာ လျှင် ဩစတြေးလျဒေါ်လာ ၂ ဒသမ ၅၃ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဒေါ်လာခန့်)     စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဩစတြေးလျရေနံအဖွဲ့အစည်း(AIP) က နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ အဆိုပါ စက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က      ဩစတြေးလျ ဒေါ်လာ    ဒသမ ၃၈ ဒေါ်လာရှိရာမှ    ဒသမ  ၃ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

နိုင်ငံ၏  ပျမ်းမျှဒီဇယ်ဆီဈေးနှုန်းမှာလည်း အလားတူကာလအတွင်း တစ်လီတာလျှင် ဩစတြေးလျ‌ဒေါ်လာ  ၃ ဒသမ ၁ မှ     ဒသမ ၇   ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း သိရသည်။             

ဆင်ဟွာ

No comments

Powered by Blogger.