သီရိလင်္ကာလေကြောင်းလိုင်းသည် အရှေ့အလယ်ပိုင်းလေကြောင်းလမ်းများပိတ်ထားမှုကြောင့် ဥရောပသို့ လမ်းကြောင်းပြောင်းပျံသန်း
မတ် ၁၁
သီရိလင်္ကာနိုင်ငံ၏အမျိုးသားလေကြောင်းလိုင်းသည်အရှေ့အလယ်ပိုင်းလေကြောင်းလမ်းများ ပိတ်ထားမှု ကြောင့် ၎င်း၏ဥရောပခရီးစဉ်များအတွက် အာဖဂန်နစ္စတန်နှင့် အဇာဘိုင်ဂျန်တို့မှတစ်ဆင့် အခြားလမ်းကြောင်းသို့ ပြောင်းလဲပျံသန်းခဲ့ကြောင်း သီရိလင်္ကာအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAASL) အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါလေကြာင်းလမ်းအသစ်သည် လန်ဒန်သို့ပျံသန်းချိန်ကို တစ်နာရီခွဲခန့် တိုးမြှင့်ပေးခဲ့သည်ဟု အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အမှုဆောင်အရာရှိချုပ် Daminda Rambukwella က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ကြောင့် ယင်းလေကြောင်းလိုင်းအနေဖြင့် ခရီးသည်များ၊ ခရီးဆောင်အိတ်များနှင့် သယ်ဆောင်လာသော ကုန်ပစ္စည်းများ၏ပေါင်းစပ်အလေးချိန်အပါအဝင် ဝန်ထုပ်ဝန်ပိုး လျှော့ချရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား— ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments