အိန္ဒိယနိုင်ငံ ဘုရားကျောင်းတစ်ခုတွင် လူအုပ်ပြုံတိုးမှုကြောင့် ရှစ်ဦး သေဆုံး



မတ် ၃၁

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် လူအုပ်ပြုံတိုးမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အမျိုးသမီး ရှစ်ဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါလူအုပ်ပြုံတိုးမှုသည် ဘီဟာပြည်နယ် နာလန်ဒါခရိုင်  ဒီးပနာဂါဒေသရှိ Sheetla ဘုရားကျောင်းတွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူမှုမီဒီယာများတွင် ပျံ့နှံ့နေသောဗီဒီယိုမှတ်တမ်းများတွင် ဒဏ်ရာရရှိသော အမျိုးသမီးများကို ဒေသတွင်းဆေးရုံသို့ပို့ဆောင်နေပုံကိုပြသထားသည်။ ဒဏ်ရာရရှိသူများအနက် အချို့သည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

လူအုပ်ပြုံတိုးမှုနှင့်ပတ်သက်ပြီး  စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.