ပါကစ္စတန်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ဆေးရုံတစ်ရုံ ပျက်စီး



ကဘူး    မတ်    ၁၇

ပါကစ္စတန်တပ်ဖွဲ့များ၏ မတ် ၁၆ ရက်ည လေကြောင်းတိုက်ခိုက်မှုအတွင်း  အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးရှိ မူးယစ်ဆေးစွဲကုသရေးဆေးရုံတစ်ရုံထိမှန်ခဲ့ကာ အနည်းဆုံး ၄၀၀ သေဆုံးပြီး ၂၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်တာဝန်ရှိသူတစ်ဦးက မတ် ၁၇ ရက်တွင်   ပြောကြားသည်။

မတ် ၁၆ ရက် ဒေသစံတော်ချိန် ည ၉ နာရီတွင်  လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင်  ကဘူးရှိ  အိုမစ်    မူးယစ်ဆေးစွဲကုသရေး ဆေးရုံထိခိုက်ခဲ့ကြောင်း လူမှုမီဒီယာအိက်စ်တွင် အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖီထရက်က ပြောကြားသည်။ ၎င်းတိုက်ခိုက်မှုအတွင်း ဆေးရုံထိခိုက် ပျက်စီးခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။  မိမိတို့ အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များနှင့် အကြမ်းဖက်သမားများ ခိုအောင်း ရာ နေရာများကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ပြောကြားသည်။   

ပါကစ္စတန် တပ်ဖွဲ့များအနေဖြင့် ကဘူးနှင့်  နန်ဂဟာပြည်နယ်ရှိ   ပါကစ္စတန်များကို တိုက်ခိုက်ရန် လက်နက်သိုလှောင်ထားသည့် နေရာများကိုသာ  တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ      ပြန်ကြားရေးဝန်ကြီးဌာနက   ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်းမှ စတင်၍ နှစ်ဖက်ကြား နယ်စပ်ဒေသတွင်တိုက်ခိုက်မှုများဖြစ်ခဲ့ရာ သေဆုံးမှု များနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း  တာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.