ဆစ်ဒနီသို့ပျံသန်းလာသောလေယာဉ် ပြင်းထန်သောလှိုင်းလေထန်မှုကြောင့် သုံးဦး ဆေးရုံတင်ရ
မတ်
၂၀
ဆစ်ဒနီသို့ ပျံသန်းလာသော Delta Air Lines လေယာဉ်သည်
ယနေ့နံနက်တွင် ပြင်းထန်သော လေလှိုင်းထန်မှုကြောင့် လူသုံးဦး ဆေးရုံတင်ထားရသည်။
အဆိုပါလေယာဉ်ဆိုက်ရောက်ချိန်
ယနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၈ မိနစ်တွင် Delta လေယာဉ်အမှတ် ၄၁ ရောက်ရှိလာချိန်
အရေးပေါ်လူနာတင်ယာဉ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဆစ်ဒနီလေဆိပ်သို့ ခေါ်ဆိုထားရသည်။
ဆစ်ဒနီရေဒီယိုအသံလွှင့်ဌာန
2GB က မတ်လ ၁၈ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် လော့စ်အိန်ဂျလိစ်မှထွက်ခွာလာသော
လေယာဉ်သည် ပြင်းထန်သောလေလှိုင်းထန်မှုကြောင့် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များသည်
၎င်းတို့၏ထိုင်ခုံများမှ ဆတ်ခနဲလှုပ်ခါသွားခဲ့ကြောင်း သတင်းပို့ခဲ့သည်။
ဆစ်ဒနီလေဆိပ်တွင်
လူနာတင်ယာဉ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက လူငါးဦးကို ကုသပေးခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိသောလေယာဉ်အမှုထမ်းသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ထိုလေကြောင်းလိုင်း၏
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လေယာဉ်ပေါ်တွင် ခရီးသည် ၂၄၅ ဦး လိုက်ပါသွားကြောင်း သြစတြေးလျ
ရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်းသို့ ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်မှ
Delta လေယာဉ်အမှတ် ၄၁ သည် ဆစ်ဒနီသို့ ဆင်းသက်စဉ် ခေတ္တလေလှိုင်းထန်မှု ကြုံတွေ့ခဲ့ရသည်ဟု
ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments