ကမ္ဘောဒီးယားနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ ဆက်လက်မြင့်တက်



မတ် ၁၇

အရှေ့အလယ်ပိုင်းပဋိပက္ခမြင့်တက်လာမှုကြောင့်ကမ္ဘောဒီးယားနိုင်ငံတွင် လက်လီရေနံရောင်းဈေးနှုန်း များသည်လာမည့်သုံးရက်အတွင်း ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သောကြေညာချက်တစ်စောင်တွင် မတ်လ ၁၇ ရက်မှ  မတ်လ ၁၉ ရက်နေ့အထိ ရိုးရိုးဓာတ်ဆီတစ်လီတာလျှင် ရီယယ် ၅၅၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇) ကျသင့်မည်ဖြစ်ရာ လွန်ခဲ့သောသုံးရက်အတွင်း ရီယယ် ၅၂၀၀ မှ ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ဖော်ပြထားသည်။

ဒီဇယ်တစ်လီတာလျှင် ရီယယ် ၆၄၀၀ မှ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး  တစ်လီတာလျှင် ၆၅၅၀ ရီယယ် မြင့်တက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘောဒီးယားတွင် ရိုးရိုးဓာတ်ဆီဈေးနှုန်းသည် ၄၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဒီဇယ်ဈေးနှုန်းသည် ၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လောင်စာဆီသိုလှောင်ရုံနှင့် ဓာတ်ဆီဆိုင် ၆၃၀၀ တွင် ၄၀၀ ကျော်သည် လောင်စာဆီများ ရောက်ရှိလာမှု နှောင့်နှေးသောကြောင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားရသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.