ကမ္ဘောဒီးယားနိုင်ငံ၌ ဓာတ်ဆီဈေးကျသော်လည်း ဒီဇယ်ဆီဈေး ဆက်လက်မြင့်တက်
ဖနောင်ပင် မတ် ၂၉
အရှေ့အလယ်ပိုင်းဒေသ
ပဋိပက္ခကာလများအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ဓာတ်ဆီဈေးနှုန်းကျဆင်းမှု ရှိသော်လည်း ဒီဇယ်ဆီဈေးနှုန်းမှာ
ဆက်လက်မြင့်တက်လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က မတ်
၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မတ်
၂၉ ရက်မှစတင်ကာ နောက်ထပ်ကြေညာချက်မထုတ်ပြန်မချင်း
ဓာတ်ဆီတစ်လီတာ ပုံမှန်ဈေးနှုန်းမှာ ရီယယ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅) ကျသင့်မည်ဖြစ်ကြောင်း၊
ယင်းမှာ လွန်ခဲ့သည့် သုံးရက်အတွင်း ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်း
ကျဆင်းလာကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။
သို့သော်လည်း
ဒီဇယ်တစ်လီတာဈေးနှုန်းမှာ ရီယယ် ၇၂၀၀(အမေရိကန်ဒေါ်လာ ၁ ဒသမ ၈)
ကျသင့်မည် ဖြစ်ပြီး ၁ ဒသမ ၄ ရာခိုင်နှုန်း
မြင့်တက်မှုရှိကြောင်း ဆက်လက်ဖော်ပြထားသည်။ မတ် ၂၉ ရက်အထိ LPG ရေနံဓာတ်ငွေ့ရည် ဈေးနှုန်းမှာ ၃၄၀၀ ရီယယ် (အမေရိကန် ဒေါ်လာ ၀ ဒသမ ၈၅) သို့ မြင့်တက်လာပြီး ၆ ဒသမ
၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ကမ္ဘော ဒီးယားနိုင်ငံတွင်
ဓာတ်ဆီ၊ ဒီဇယ် ဆီနှင့် LPG ရေနံဓာတ်ငွေ့ရည် ဈေးနှုန်းများမှာ ၃၀ ရာခိုင်နှုန်း၊
၈၇ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်းအထိ အသီးသီး မြင့်တက်မှုရှိသည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင်
ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံတကာရေနံဈေးနှုန်း
မြင့်တက်ခြင်း၏ ရိုက်ခတ်မှုများကို လျော့ပါး သက်သာစေရန်နှင့် ပြည်သူများ၏ ဘဏ္ဍာရေးဝန်ထုပ်
ဝန်ပိုးကို လျှော့ချပေးရန် ရည်ရွယ်ကာ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ထုတ်ကုန်များအပေါ် သွင်းကုန်အခွန်နှင့်
အခြားအခွန်အခများကို မတ် ၂၀ ရက်က လျှော့ချပေးခဲ့ ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည်
ဓာတ်ဆီနှင့် ဒီဇယ်ဆီကို ပြည်ပတင်သွင်းမှုအပေါ်တွင်
အလုံးစုံမှီခို အားထားနေရ သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ဆင်ဟွာ

No comments