တောင်ကိုရီးယားနိုင်ငံ၏ ဝင်ငွေခွန် ဇန်နဝါရီလတွင်မြင့်တက်လာ
မတ် ၁၂
တောင်ကိုရီးယားနိုင်ငံ၏ဝင်ငွေခွန်သည် ဇန်နဝါရီလတွင် ဝင်ငွေနှင့် တန်ဖိုးမြှင့်အခွန်များ တိုးတက်လာခြင်းကြောင့် မြင့်တက်လာခဲ့ဟု ယနေ့တွင် အစိုးရအဖွဲ့ အချက်အလက်ဖော်ပြထားသည်။
ဇန်နဝါရီလတွင် ဝင်ငွေခွန်စုစုပေါင်း ဝမ် ၅၂ ဒသမ ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၃ ဘီလီယံခန့်) ရှိရာ ယခင်နှစ်ကထက် ဝမ် ၆ ဒသမ ၂ ထရီလီယံ မြင့်တက်လာကြောင်း စီမံကိန်းနှင့် ဘတ်ဂျက်ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဝင်ငွေနှင့် တန်ဖိုးမြှင့်အခွန်များ ကောက်ခံမှုသည် ဝမ် ၁ ဒသမ ၅ ထရီလီယံနှင့် ဝမ် ၃ ဒသမ ၈ ထရီလီယံ အသီးသီး မြင့်တက်လာခဲ့သော်လည်း ဖော်ပြထားသောလတွင် ကုမ္ပဏီဝင်ငွေခွန်မှာ ပြောင်းလဲမှုမရှိပဲ ယခင်အတိုင်းပင် ရှိနေခဲ့သည်။
အခွန်ဝင်ငွေများနှင့် အခွန်မဟုတ်သော ဝင်ငွေများ အပါအဝင် စုစုပေါင်းဝင်ငွေသည် ဇန်နဝါရီလတွင် ဝမ် ၇၄ ဒသမ ၇ ထရီလီယံ ရှိရာ ယခင်နှစ်ကထက် ဝမ် ၈ ဒသမ ၅ ထရီလီယံ မြင့်တက်လာခဲ့သည်။
စုစုပေါင်းအသုံးစရိတ်သည် တစ်နှစ်အတွင်း ဝမ် ၇ ဒသမ ၇ ထရီလီယံ တိုးလာခဲ့ပြီး တစ်လတာအတွင်း ဝမ် ၆၀ ဒသမ ၅ ထရီလီယံ ရောက်ရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments