ဂျပန်အစိုးရက အင်ဒိုနီးရှားနှင့် ပြင်သစ်သမ္မတတို့ကို တရားဝင်ခရီးစဉ်များ ဖိတ်ခေါ်သွားမည်
တိုကျို မတ် ၁၃
ဂျပန်အစိုးရသည်
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီအန်တိုနှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်
တို့ကို တရားဝင်ခရီးစဉ်များအတွက် ဖိတ်ခေါ်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
မတ် ၁၃ ရက်က
ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အစိုးရက အဆိုပါဆုံးဖြတ်ချက်ကို
အတည်ပြုခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားသမ္မတ၏ ခရီးစဉ်မှာ မတ် ၂၉ ရက်မှ ၃၁
ရက်အထိဖြစ်ပြီး ပြင်သစ်သမ္မတ၏ခရီးစဉ်မှာ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ ဖြစ်သည်ဟု
သိရသည်။
၎င်းတို့
ဂျပန်နိုင်ငံတွင် နေထိုင်စဉ်အတွင်း သမ္မတများသည် ဂျပန်ဝန်ကြီးချုပ် တာကာအိချီ
ဆာနာအဲနှင့် ထိပ်သီးအစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဂျပန်ဧကရာဇ်
နာရူဟီတိုနှင့်လည်း တွေ့ဆုံကာ ဂျပန်ဧကရာဇ်က ညစာဖြင့် တည်ခင်းဧည့်ခံသွားမည်ဖြစ်သည်။
ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ်ဖြစ်သူ
ကီဟာရာ မီနိုရုက မတ် ၁၃ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီး
သတင်းစာရှင်းလင်းပွဲတွင် သမ္မတများလာရောက်မည့် ကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ဂျပန်နှင့်
အင်ဒိုနီးရှားနိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမိတ်ဖက်များအဖြစ် လုံခြုံရေး၊
စီးပွားရေး နယ်ပယ်များတွင် နှစ်နိုင်ငံဆက်ဆံရေးကို အားဖြည့်ခဲ့ကြောင်းနှင့်
နိုင်ငံတကာပူးပေါင်းဆက်ဆံရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့
ကြောင်း ၎င်းက ဆက်ပြောသည်။
ဂျပန်နိုင်ငံနှင့်
ပြင်သစ်နိုင်ငံတို့သည် အထူးမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး အခြေခံစည်းမျဉ်းနှင့်
တန်ဖိုးများကို အတူတကွမျှဝေကြကြောင်း ၎င်းကပြောသည်။ ပြင်သစ်သမ္မတမက်ခရွန်၏ တရားဝင်
ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးနှင့်
မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း လာမည်ဟုမျှော်လင့်ကြောင်း ၎င်းကဆက်လက်
ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ
No comments