ကမ္ဘာ့အဆင့်(၂) အီတလီတင်းနစ်အကျော်အမော် ဂျန်းနစ်ခ်ဆင်းနား မိုင်ယာမီအိုးပင်းဖလား ဆွတ်ခူး
မိုင်ယာမီအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ
နောက်ဆုံးဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၂) အီတလီ တင်းနစ်အကျော်အမော် ဂျန်းနစ်ခ်ဆင်းနားက ချက်ဇ်တင်းနစ်ကစားသမား လီဟက်ကာကို ၆-၄၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဆင်းနားသည်
ပြိုင်ပွဲတစ်လျှောက်တွင် မီချဲလ်ဆန်၊ တီယာဖိုး၊ ဇီဗာရက်ဇ် စသည့် နာမည်ကြီးတင်းနစ်ကစားသမားများကို
ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း လီဟက်ကာကို
ထပ်မံအနိုင်ယူကျော်ဖြတ်ကာ မိုင်ယာမီအိုးပင်း ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယခုပြိုင်ပွဲမတိုင်မီကျင်းပခဲ့သည့်
အင်ဒီးယန်းဝဲလ်စ် အိုးပင်းပြိုင်ပွဲတွင်လည်း
နောက် ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်
နိုင်ခဲ့ပြီး ရုရှားတင်းနစ်ကစားသမား ဒန်နီယေးလ်
မက်ဗီဒက်ဗ်ကို ၇-၆ (၈-၆)၊ ၇-၆ (၇-၄) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးထားသည်။
ထို့ကြောင့် ၎င်းသည် ၂၀၁၇ ခုနှစ်က ရော်ဂျာဖက်ဒဲရားနောက်ပိုင်း အင်ဒီးယန်းဝဲလ်စ်နှင့် မိုင်ယာမီ အိုးပင်းပြိုင်ပွဲ
နှစ်ရပ်စလုံးတွင် ဖလားဆွတ်ခူးနိုင်သည့် ရှစ်ဦးမြောက် အမျိုးသားတင်းနစ် ကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့သည်။
မိုင်ယာမီအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ
ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၁) ဘယ်လာရုစ်
တင်းနစ်မယ် အရွိုင်နာဆာဘယ်လင်ကာက အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၆-၂၊
၄-၆၊ ၆-၃ ရလဒ် ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အောင်ဇော်

No comments