အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာလေဆိပ်သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်



မတ် ၃၁

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အနီးတွင် တည်ဆောက်ထားသော နိုင်ငံတကာလေဆိပ်အသစ်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်းနှင့် နိုင်ငံအတွင်း အကြီးဆုံးလေဆိပ်များအနက် တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

နိုအီဒါအပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်  နာရန်ဒရာမိုဒီ တက်ရောက်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများရှိနေသော်လည်း အိန္ဒိယသည် တိုးတက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

လေဆိပ်တည်ဆောက်မှု၏ပထမအဆင့်ကို မတ်လ ၂၈ ရက်က ဒေါ်လာ တစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုဖြင့် ပြီးစီးခဲ့ပြီး ဆောက်လုပ်ရေးအဆင့် သုံးဆင့်ကျန်ရှိနေသေးကြောင်းနှင့် ပြီးစီးသွားပါက လေဆိပ်တွင် လေယာဉ်ပြေးလမ်းငါးခု၊ ကုန်တင်ဂိတ်တစ်ခုနှင့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနတစ်ခု ပါဝင်မည်ဖြစ်ကာ တစ်နှစ်လျှင် လူပေါင်း  သန်း ၇၀ ကို ဝန်ဆောင်မှုပေးနိုင်ရန် ခန့်မှန်းထားသည်။

နိုအီဒါလေဆိပ်သည် လေကြောင်းခရီးသွားလာမှုအတွက် ကမ္ဘာလုံးဆိုင်ရာဗဟိုချက်ဖြစ်လာရန် အိန္ဒိယကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းလေဆိပ်သည် အလုပ်အကိုင်များစွာ ဖန်တီးပေးပြီး စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ပေးမည်ဟုမျှော်လင့်ကြောင်းဖော်ပြထားသည်။ ခရီးသည်တင်လေယာဉ်ခရီးစဉ်များကို မေလဝန်းကျင်တွင် စတင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.