ထိုင်းအစိုးရက စွမ်းအင်အကျပ်အတည်းကိုဖြေရှင်းရန် အစိုးရအေဂျင်စီများကို နေအိမ်မှ အလုပ်လုပ် ရန် ညွှန်ကြား



ဘန်ကောက်   မတ်   ၁၁

အရှေ့အလယ်ပိုင်းတင်းမာမှုများကြောင့် စွမ်းအင်အကျပ်အတည်းဖြစ်ပေါ်လာခြင်းကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံရပ်ခြားခရီးစဉ်များကို ဆိုင်းငံ့ခြင်းအပါအဝင် အစိုးရအေဂျင်စီများကို နေအိမ်မှ အလုပ်လုပ်ရန် ထိုင်းအစိုးရက အရေးပေါ်အစီအမံများ ချမှတ်ပြဋ္ဌာန်းလိုက်သည်။

အရှေ့အလယ်ပိုင်းအခြေအနေ ပိုမိုတင်းမာလာခြင်းက ကမ္ဘာ့ရေနံစိမ်းထောက်ပံ့ပေးမှုနှင့် ပင်လယ် ရေကြောင်းကုန်သွယ်မှုအပေါ် ရိုက်ခတ်လာသောကြောင့် နိုင်ငံတကာဈေးကွက်တွင် စွမ်းအင် ဈေးနှုန်းများမြင့်တက်လာသည်ဟု ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ လာလီဒါပါရီစဝီ ဝါတနာက ပြောကြားခဲ့သည်။

စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်နှင့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အစိုးရက အများပြည်သူဝန်ဆောင်မှုပေးဝေခြင်းနှင့် မသက်ဆိုင်သည့် အစိုးရလုပ်ငန်းများကို   နေအိမ်မှ လုပ်ဆောင်ရန် မတ် ၁၀ ရက်က တိုက်တွန်းခဲ့သည်။

ထို့အပြင် ပြည်တွင်း၌ ပြုလုပ်သည့် လှုပ်ရှားဆောင်ရွက်မှုများအစား ပြည်ပသို့ သွားရောက်လေ့လာ ခြင်းနှင့် လေ့ကျင့်ရေးအစီအစဉ်များကို ရပ်ဆိုင်းထားရန်လည်း အမိန့်ထုတ်ခဲ့သည်။

အရှေ့အလယ်ပိုင်းတင်းမာမှုကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်တည်းများကို လျော့နည်း သက်သာစေရန် အစိုးရအေဂျင်စီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား အရေးပေါ်အစီအမံ များကို  လိုက်နာဆောင်ရွက်ရန် ထိုင်းအစိုးရက တိုက်တွန်းခဲ့သည်။              

ဆင်ဟွာ

No comments

Powered by Blogger.