ကျောင်းကုန်းမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ဖြေဆို

 


ကျောင်းကုန်း မတ် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် မိုဃ်းကောင်းတန်ဆောင်းတော်ကြီးတွင် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် စတင်ဖြေဆိုသည်။

 

မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်တွင် (၂၇) ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းတိုက် ခြောက်တိုက်မှ အခြေပြုမူလတန်းတွင် ၂၅ ပါး၊ ပထမငယ်တန်းတွင် ခြောက်ပါး၊ ပထမလတ်တန်းတွင် နှစ်ပါး၊ ပထမကြီးတန်းတွင် သုံးပါး စုစုပေါင်း ၃၆ ပါး ဝင်ရောက်ဖြေဆိုကြသည်။

 

အနာဂတ်သာသနာရောင်ဝါ နေသို့ထွန်းလင်းစေမည့် သာသနာ့ အာဇာနည်ရှင်ရဟန်းများ ပေါ်ထွန်းရေးနှင့် ပရိယတ္တိစာပေများထွန်းကား ပြန့်ပွားရေး၊ သာသနာရေးနှင့် လူမျိုးရေးအတွက် ထေရဝါဒဗုဒ္ဓ သာသနာတော်ပြန့်ပွားစေရေး မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များက နှစ်စဉ်ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းကြသည်။

 

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက် အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.