၂၀၂၆ ခုနှစ် ပထမ နှစ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန် ၁၇ ဒသမ ၂ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်
မတ် ၁၁
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၃ ဘီလီယံတန်ဖိုးရှိ ထုတ်ကုန်များကို တင်ပို့ခဲ့ရာ ယခင်နှစ်ကထက် ၁၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးဌာန၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိပ်တန်းပို့ကုန်တင်ပို့သည့် နိုင်ငံငါးနိုင်ငံသည် အမေရိကန်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်နှင့် စပိန်တို့ဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိကာလအတွင်း စုစုပေါင်း တင်သွင်းမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၈ ဘီလီယံ ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်။
ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) နှင့် တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်သော နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ (FTA) တို့သည် နိုင်ငံ၏ပို့ကုန်တိုးတက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments