နယူးဇီလန်နိုင်ငံ၌ အစားအစာဈေးနှုန်းများ နှစ်စဉ် ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်



မတ် ၁၇

နယူးဇီလန်၏ အစားအစာဈေးနှုန်းများသည် ဇန်နဝါရီလတွင် နှစ်စဉ် ၄ ဒသမ ၂ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။

အသား၊ ငါးနှင့် ကြက်ငှက်ဈေးနှုန်းများသည် နှစ်စဉ် ၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ  နှစ်စဉ် ၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စာရင်းအင်းဌာနက ပြောကြားခဲ့သည်။

သို့ရာတွင် အချို့သော ပစ္စည်းများသည် တစ်နှစ်တာအတွင်း ဈေးပေါလာပြီး သံလွင်ဆီဈေးနှုန်းများ ၂၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လတ်ဆတ်သော ကြက်ဥများမှာ ၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

လစဉ်အားဖြင့် ကုန်စုံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ကျဆင်းမှုကြောင့် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလတွင် အစားအစာဈေးနှုန်းများ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Stats NZ တွင် ဖော်ပြထားသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ လေယာဉ်လက်မှတ်များသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၂ လတာကာလအတွင်း ၁၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ရာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဖေဖော်ဝါရီလတွင် ပြည်တွင်းလေကြောင်း လက်မှတ်ဈေးနှုန်းများ အမြင့်ဆုံး မြင့်တက်မှုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.