ဝုလ်ဗာဟမ်တန်ကိုရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၄)နေရာ တက်လှမ်းမယ့်အခွင့်အရေးနဲ့ လီဗာပူး အသင်းလွဲချော်
ပရီမီယာလိဂ်ပွဲစဉ်(၂၉)ရဲ့ မတ် ၃ ရက် ညပိုင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝုလ်ဗာဟမ်တန်
အသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ ဝုလ်ဗာ ဟမ်တန်အသင်းက လီဗာပူးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့
အနိုင်ရရှိခဲ့ပါတယ်။
ဝုလ်ဗာဟမ်တန်အသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်း ကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်
ဒုတိယပိုင်းပွဲကစားချိန် ၇၈ မိနစ်နဲ့ သာမန်ပွဲကစားချိန်မိနစ်
၉၀ အပြီး နာကျင်အချိန်ပို လေးမိနစ်တို့မှာ ရိုဒရီဂိုဂိုမက်စ်က ဝုလ်ဗာဟမ်တန်အသင်းအတွက် နှစ်ဂိုး၊ ၈၃ မိနစ် မှာ
မိုဟာမက်ဆာလာက လီဗာပူးအသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဝုလ်ဗာဟမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့်(၄)နေရာ တက်လှမ်းနိုင်မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရပါတယ်။
လီဗာပူးအသင်းဟာ ဝုလ်ဗာဟမ်တန်အသင်းကို
ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၂၉) ယှဉ်ပြိုင် ကစားပြီးချိန်မှာ ရမှတ် ၄၈
မှတ်သာစုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာက အက်စ်တွန်ဗီလာအသင်းနဲ့ သုံးမှတ်ကွာအနေအထားမှာရှိနေခဲ့တာ
ဖြစ်ပါတယ်။
ဝုလ်ဗာဟမ်တန်အသင်းကတော့ လီဗာပူးအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၂၉) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၆
မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါ တယ်။ ဝုလ်ဗာဟမ်တန်အသင်းအနေနဲ့
လီဗာပူးအသင်းကိုအနိုင်ရရှိခဲ့တာဟာ ယခုဘောလုံးရာသီ အတွင်း ပရီမီယာလိဂ်ပွဲစဉ်တစ်လျှောက်
သုံးပွဲမြောက်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ငွေကြယ်

No comments