သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော် မတ် ၂၀

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် နံနက် ၉ နာရီက သတင်း အရ သာစည်မြို့နယ် ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် YUTONG အမျိုး အစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် များဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင် (၄၂)နှစ်၊ လားရှိုးမြို့ မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း (၂၁)နှစ်နှင့် ဇော်ရှိုင်း (၂၀)နှစ်တို့ သုံးဦး သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး များဖြစ်သည့် HAPPY WATER ၅ ဒသမ ၂၃၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၂၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၈၂ သိန်း)၊ ကက်တမင်း ၀ ဒသမ ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၆၀) တို့အား ဖမ်းဆီးရမိခဲ့သည်။


ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲက စမ်းချောင်းမြို့နယ်ရှိ ဟိုတယ် တစ်ခု၌ တည်းခိုနေသည့် စိတ် ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့ သီရိမဟာ ရပ်ကွက်နေ ငြိမ်းထွန်းဦး (၃၂) နှစ်အား စိတ်ပြောင်းဆေးဝါး HAPPY WATER ၄၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဝင်းဇော်ဇော်တင်၊ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့် ငြိမ်းထွန်းဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.