ဖိလစ်ပိုင်နိုင်ငံ၌ စက်သုံးဆီဆိုင်အချို့ ပြန်လည်ဖွင့်လှစ်
မနီလာ မတ် ၂၉
ဖိလစ်ပိုင်နိုင်ငံ၌ စက်သုံးဆီပြတ်တောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသော နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင်အချို့ ယခုအချိန်တွင် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ပြီဖြစ်ကြောင်း
ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့ (PNP) က ပြောကြားသည်။
စက်သုံးဆီဆိုင် ပိတ်သိမ်းရမှုအများဆုံးမှာ ရေနံထုတ်ကုန်များ ထောက်ပံ့မှုအကန့်အသတ်ရှိခြင်းကြောင့် ဖြစ်ပြီး
လုပ်ငန်းပြန်လည်လည်ပတ်နိုင်သည့်ဆိုင်များမှာ
စက်သုံးဆီများ ပြန်လည်ဖြည့်တင်းဆောင်ရွက် ပြီးနောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသ
ပဋိပက္ခဖြစ်ပွားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံသည် မတ် ၂၄ ရက်နောက်ပိုင်းတွင် နိုင်ငံ့စွမ်းအင်
အရေးပေါ်အခြေအနေအဖြစ် ကြေညာထားခဲ့သည်။
ဆင်ဟွာ

No comments