အရန်သိုလှောင်ထားသော ရေနံစိမ်းများကို ထုတ်ယူသုံးစွဲနိုင်ရေး IEA စီစဉ်နေ
နယူးယောက် မတ် ၁၁
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) သည် စွမ်းအင်ဈေးနှုန်းများ ပြန်လည်ကျဆင်းစေ ရန် ၎င်းတို့၏
သမိုင်းတစ်လျှောက် အများဆုံးပမာဏဖြစ်သော အရန်သိုလှောင်ထားသည့် ရေနံစိမ်း များကို ထုတ်ယူသုံးစွဲနိုင်ရေး
အဆိုပြုထားကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင်
ဖော်ပြ ထားသည်။
IEA အမှုဆောင်ဒါရိုက်တာ ဖာတီဘီရိုးလ်က မတ် ၁၀ ရက်က ပြုလုပ်သည့် အဖွဲ့ဝင်နိုင်ငံများ
အစည်းအဝေးတွင် ယင်းအဆိုပြုချက်ကို တင်သွင်းခဲ့သည်ဟု
ဝေါစထရိဂျာနယ်တွင် ဖော်ပြထား သည်။ ယင်းအဆိုပြုချက် တင်သွင်းမှုနှင့်ပတ်သက်ပြီး နီးစပ်သည့် တာဝန်ရှိသူများ၏ ပြောကြား ချက်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်ဟုလည်း
ဆိုသည်။
အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှုများကြောင့်
ယခုသီတင်းပတ်အစောပိုင်းတွင် ရေနံဈေးနှုန်း များ တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။
IEA အဖွဲ့ဝင် ၃၂ နိုင်ငံသည်
ယင်းအဆိုပြုချက် ကို အတည်ပြုရန် ရှိ
မရှိ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဝေါစထရိဂျာနယ်တွင်
ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ

No comments