အင်ဒိုနီးရှားနိုင်ငံ၌ Mount Semeru မီးတောင်ပေါက်ကွဲမှုဖြစ်ပွား
မတ် ၁၁
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Mount Semeru မီးတောင်သည် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၎င်း၏အမြင့်ဆုံးအထက် မီတာ ၁၀၀၀ ခန့်အထိ ပြာမှုန်များထုတ်လွှင့်ခဲ့ကြောင်း နိုင်ငံ၏ မီးတောင်ဗေဒအေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ပူပြင်းသောမိုးတိမ်ကဲ့သို့သောပြာမှုန်များသည် ဘီဆွတ်ကိုဘိုကန် မြစ်ကြောင်းတစ်လျှောက် အရှေ့တောင်ဘက်သို့ သုံးကီလိုမီတာခန့် ရွေ့လျားသွားကြောင်း ဖော်ပြထားသည်။
ထူထပ်သောမီးခိုးပြာသည် မြောက်အရှေ့နှင့် အရှေ့ဘက်သို့ ရွေ့လျားသွားပြီး မီးတောင်ပေါက်ကွဲမှုသည် ငါးမိနစ်နီးပါးကြာမြင့်ခဲ့ကာ မြေတုန်ခါမှု အမြင့်ဆုံး ၁၂ မီလီမီတာ အထိ ရှိသည်ဟု စောင့်ကြည့်ရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
မီးတောင်ဝ၏ ငါးကီလိုမီတာအတွင်းနှင့် ဘီဆွတ်ကိုဘိုကန်မြစ်ကြောင်းတစ်လျှောက် အရှေ့တောင်ဘက်ရှိ မီးတောင်ထိပ်မှ ၁၃ ကီလိုမီတာအထိ သွားလာမှုရှောင်ကြဉ်ရန် အာဏာပိုင်များက ဒေသခံများအား တိုက်တွန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments