ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း AVIP သင်တန်းဖွင့်
ကျောက်ပန်းတောင်း ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ပေါက်သစ်ကျေးရွာမှ
ကော်မတီဝင်များ စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ VDP စီမံကိန်းရေးဆွဲနည်းနှင့်
AVIP သင်တန်းကို အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်က သင်တန်းတွင် လူဦးရေနှင့်
အခြေခံအချက်အလက်များ ကောက်ယူနည်း၊ သယံဇာတပြ မြေပုံရေးဆွဲနည်း၊ ရာသီခွင်ပြ ပြက္ခဒိန်ရေးဆွဲနည်း၊
AVIP ပုံစံများ ဖြည့်သွင်းနည်း၊ လုပ်ငန်းပြီးစီးမှု အစီရင်ခံစာတင်ပြခြင်းနှင့် မှတ်တမ်းထိန်းသိမ်းနည်း
စသည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ
ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ပေါက်သစ်ကျေးရွာမှ
လုပ်ငန်းကော်မတီဝင်လေးဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
စီမံကိန်း(VDP) ရေးဆွဲနည်းနှင့်ပတ်သက်သည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ဖြင့် ဧပြီ
၂၄ ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာ

No comments