ပုသိမ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ၌ Bar Code/ QR Code စနစ်များဖြင့် စတင်ရောင်းချပေးနေ
ပုသိမ် ဧပြီ ၅
ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်
စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ပြီး ပိုမိုပြည့်စုံစေသည့်စနစ်ဖြင့် Bar
Code/ QR Code အသုံးပြု၍ ယမန်နေ့နံနက်ပိုင်းမှစ၍ ပုသိမ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်
၄၃ ဆိုင်တွင် စက်သုံးဆီများ ရောင်းချပေးလျက်ရှိသည်။
ထိုကဲ့သို့ Bar Code/ QR Code စနစ်များဖြင့်
ပုသိမ်မြို့ပေါ်ရှိ စက်သုံး
ဆီဆိုင်များတွင် ရောင်းချပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊
ပုသိမ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပုသိမ်မြို့ပေါ်ရှိ
Max Energy ၊ Winner Petro
ဆီဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များတွင်
Application အသုံးပြု၍ ရောင်းချရာတွင် စက်သုံးဆီအရောင်းဆိုင်နှင့် ဝယ်ယူသုံးစွဲသူများအကြား တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments