ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက လေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီ

 



ကြို့ပင်ကောက် ဧပြီ ၁၉


ပဲခူးတိုင်း‌ဒေသကြီး ကြို့ပင်ကောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌‌‌‌‌‌‌‌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့သော လူမှုကရုဏာဆိုင်ရာ ပစ္စည်းများကို တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက လေဘေးသင့်ပြိုလဲနေအိမ် မိသားစုများအား ပံ့ပိုးကူညီပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။


ပေးအပ်


ဦးစွာ တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်းသန်းက လေဘေး သင့်အိမ်ပြိုလဲ မိသားစုများအား လာရောက်ကူညီရခြင်းနှင့် ပတ်သက်၍ ဆုံးရှုံးမှုတန်ဖိုးနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်ဆိုသော်လည်း ကြိုးစားဖြည့်ဆည်း ကူညီပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌‌‌‌‌‌‌‌‌‌ဦးအောင်ဇော်မင်း၊ တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လေ‌ဘေးသင့်ပြိုလဲ အိမ်ထောင်စုများအား မိသားစု သုံးပစ္စည်းများ ပေးအပ်သည်။


ဧပြီ ၁၇ ရက်က လေဘေးဒဏ် ခံစားရပြီး အိမ်ပြိုလဲခဲ့သော မိသားစု ၅၇ စုအတွက် အိမ်ထောင်စုတစ်စု လျှင် တာပေါ်လင်တစ်စ၊ စောင် တစ်ထည်၊ အမျိုးသမီးသုံးပစ္စည်း Dignity Kit တစ်အိတ်၊ အမျိုးသား သုံးပစ္စည်း Individual Hygiene Kit တစ်အိတ်တန်ဖိုး ငွေကျပ် ၂၂၀၀၀၀ ကို ပံ့ပိုးကူညီပေးအပ်ခဲ့ကြောင်း သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments

Powered by Blogger.