အမေရိကန်ပြည်ထောင်စု၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိ
ဧပြီ ၂၄
အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း အိုကလာဟိုးမားတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါလေဆင်နှာမောင်းသည် ယင်းပြည်နယ်၏ မြောက်ပိုင်းနယ်စပ်အနီးရှိ လူဦးရေ ၅၀၀၀၀ ခန့်ရှိသော Enid မြို့၏ အစိတ်အပိုင်းအချို့ကိုတိုက်ခတ်ခဲ့ပြီး သိသိသာသာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ အိုကလာဟိုးမားမြို့၏ မြောက်ဘက် ၁၂၉ ကီလိုမီတာအကွာရှိ Vance လေတပ်စခန်းကို ထိခိုက်ခဲ့သည်ဟု သိရသည်။
သေဆုံးမှုသတင်းများ မရှိသော်လည်း လေဆင်နှာမောင်းများ တိုက်ခတ်ပြီးနောက် နာရီပိုင်းအကြာတွင် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုဧရိယာတွင် အဆောက်အအုံများ၏ အမိုးများ ပြိုကျခဲ့ပြီး ဓာတ်တိုင်များ ပြိုလဲခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments