ရမည်းသင်းမြို့နယ်၌ အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

 


ရမည်းသင်း ဧပြီ ၂၇

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ရက်(၁၀၀) စီမံချက်​ဖြင့် ဖွင့်လှစ်သည့် အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စံပြသိမ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို ဧပြီ ၂၇ မှ မေ ၂၆ ရက်အထိ လည်းကောင်း၊ မွမ်းမံစက်ချုပ်သင်တန်းကို ဇွန် ၁ ရက်မှ ၁၅ ရက်အထိ လည်းကောင်း ၄၅ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသည့် ထူးချွန်သင်တန်းသူ ငါးဦးအား လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်း ခုနစ်မျိုး သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.