ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)၌ မီးဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဒဂုံ ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက (၅၅) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်သည်။
ကွင်းဆင်းဆောင်ရွက်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်
မီးသတ်စခန်းမှ ဒုတိယမီးသတ် ဦးစီးမှူး ဦးအောင်မင်းသီဟ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့်
ရပ်ကွက်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး မီးဘေးအန္တရာယ်စစ်ဆေးခြင်း၊
အသိပညာပေးဟောပြောခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက မီးသတ်ဖုန်း
၁၉၁ သို့ အရေးပေါ်ဆက်သွယ် ဆောင်ရွက်နိုင်ခြင်း၊ 191 Report Software တွင်ကျယ်စွာအသုံးပြုနိုင်ရေး
အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို
တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းသန်းအေး(ပြန်/ဆက်)

No comments