ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက်ဇာတ်လမ်းများ မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်ပြသမည်



နေပြည်တော် ဧပြီ ၃

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များနှင့် သဘင်ပညာရှင်များ၏ အနုပညာရသစွမ်းရည်များ ဖော်ထုတ်ပြသမည့် “ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက် ဇာတ်လမ်းများ” အစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အပတ်စဉ် စီစဉ်တင်ဆက်ပေးလျက်ရှိသည်။


“ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက်ဇာတ်လမ်းများ” အစီအစဉ်တွင် “သဉ္ဇီဝဇာတ်တော် (အဇာတသတ်)”ကို ဖော်ပြထားသည့် “ကိုးကွယ်မှုမှားယွင်းခြင်း” အပိုင်း(၃)ကို နန်းတော်ရှေ့ ဆရာတင်၏ မျိုးဆက်သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး အကယ်ဒမီ အေးချမ်းမောင်၊ နန်းဝင်း၊ ယွန်းဝတ်လွှာအောင်၊ ရန်ရှင်းမောင်၊ ထက်မြက်အောင်၊ ဖူးပွင့်ရွှေရည်လှိုင်၊ ပန်းအိစံ၊ ပန်းကဗျာ၊ ပိုးပိုးအိမ်၊ တောက်တဲ့၊ အောင်သွေးသစ်၊ လင်းမြတ်အောင်၊ သင်းသံသာ၊ ငွေနန်းစံ၊ ရွှန်းလဲ့အိမ်နှင့် ရွှေနန်း သဘင်အဖွဲ့သားများက ပါဝင်ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။၊


အဆိုပါ အစီအစဉ်ကို MRTV- HD Channel မှ ဧပြီ ၄ ရက်(စနေနေ့) ည ၉ နာရီတွင် လည်းကောင်း၊ MRTV Entertainment Channel မှ ဧပြီ ၅ ရက် (တနင်္ဂနွေနေ့)နံနက် ၉ နာရီတွင် လည်းကောင်း ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဧပြီ ၈ ရက် (ဗုဒ္ဓဟူးနေ့) ည ၉ နာရီတွင် MRTV - HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.