နီပေါနိုင်ငံရှိ ခရိုင် လေးခုတွင် ငှက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား
ဧပြီ ၇
နီပေါနိုင်ငံရှိ ခရိုင် လေးခုတွင် ငှက်တုပ်ကွေးဟုလည်း လူသိများသော H5N1 ပြင်းထန်သော ငှက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
မိုရန်၊ ဆန်ဆာရီ၊ ဂျာပါ နှင့် ချစ်ဝမ်ခရိုင်များရှိ ကြက်ခြံ ၂၃ ခြံတွင် ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြောင်း မွေးမြူရေးဌာနမှ သတင်းအချက်အလက်အရာရှိ အင်ဒီရာရှာမာက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ယခုနှစ်တွင် မိုရန်ခရိုင်ရှိ ခြံများတွင် မတ်လ ၁၈ ရက်နေ့တွင် ငှက်တုပ်ကွေးရောဂါကို ပထမဆုံးတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
မွေးမြူရေးဌာန၏ ဖော်ပြချက်အရ ဧပြီလ ၄ ရက်နေ့အထိ ယင်းရောဂါဖြစ်ပွားရာနေရာများမှ ကြက်၊ ငှက်နှင့် ဘဲများအပါအဝင် စုစုပေါင်းအကောင်ရေ ၁၁၃၆၀၈ ကောင်နှင့် ဥ ၂၁၁၈၆၇ လုံးကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments