ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၄ ပမာဏရှိသော ငလျင်လှုပ်ခတ်



ဧပြီ ၂၀

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆန်ရီကုကမ်းရိုးတန်းတွင် ယနေ့မွန်းလွဲပိုင်းက ကနဦး ပြင်းအား ၇ ဒသမ ၄ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

အဆိုပါငလျင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်က  ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ပြီး နိုင်ငံ၏ငလျင်စကေး ခုနစ်တွင် အဆိုးရွားဆုံးထိခိုက်ခံရသည့် ဒေသများတွင် အဆင့်ငါးအထက် ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

ထိုငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၃၉ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၃ ဒသမ ၂ ဒီဂရီတွင် တည်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.