မြစ်ကြီးနားသင်တန်းစခန်း၌ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) ဖွင့်လှစ်
မြစ်ကြီးနား ဧပြီ ၂၇
မြစ်ကြီးနားသင်တန်းစခန်း၏ အခြေခံ လေကြောင်းလူငယ်
သင်တန်းအမှတ်စဉ်(၁၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြောက်ပိုင်း
တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများ၊ သင်တန်းသား
သင်တန်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား
ပြောကြားပြီး တိုင်းမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် အခြေခံလေကြောင်း လူငယ်သင်တန်းအတွက်
ချီးမြှင့် ငွေကျပ်သိန်း ၆၀ နှင့် သင်တန်းသား သင်တန်းသူများအတွက် အထောက်အကူပြု ပစ္စည်းများနှင့်
အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့်
လေကြောင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုအားပေး၍
အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအတွင်း သင်တန်းသား သင်တန်းသူများ၏ အိပ်ဆောင်များ၊
စားရိပ်သာနှင့် သင်တန်းခန်းမဆောင်၊ စစ်ရေးပြကွင်း၊ စာကြည့်တိုက်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်
အဆောင်နှင့် ဧည့်တွေ့ဆောင်များ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည်
ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း
ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ကချင်ပြည်နယ်၏
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး
တာဝန်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး
ကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးနှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ
ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ငွေလုံးငွေရင်း
စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments