မုဒုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော် မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ



မော်လမြိုင် ဧပြီ ၁၅

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက်ရှိ လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို သင်္ကြန်ပန်းကုံးများဖြင့် ကြိုဆို၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် ဖျော်ဖြေကပြမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဧည့်သည်တော်များအား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.