သင်္ဃန်းကျွန်းခရိုင်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
သင်္ဃန်းကျွန်း ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သင်္ဃန်းကျွန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး
ဦးမင်းကိုကို ဦးဆောင်ကာ အထပ်မြင့်အဆောက်အအုံများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မည်သို့ကာကွယ်ရမည်၊
ရှောင်ရှားရမည် စသည်တို့အား သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး
ဦးကိုကိုကြီးက တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများအား ယနေ့နံနက်ပိုင်းက
ရှင်းလင်းဟောပြောသည်။
ထို့နောက် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက
အထပ်မြင့် အဆောက်အအုံများတွင် မီးဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေး၊
ပြည်သူများအား မီးလွတ်ရာသို့ ပို့ဆောင်ရေး၊ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်း စသည်တို့ကို
တက်ရောက်လာသူများနှင့် လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)

No comments