ဖျာပုံမြို့နယ်၌ သစ်စိမ်းမြေဩဇာ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ

 


ဖျာပုံ ဧပြီ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ငုတောကျေးရွာရှိ တောင်သူ ဒေါ်မော်မော်ဝင်း၏ လယ်မြေတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဆောင်ရွက်သည်။

 

အခမဲ့ဖြန့်ဝေပေး

အဆိုပါ ပိုက်ဆံလျှော်မြေဩဇာ စုပေါင်းကြဲပက်ရာတွင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဇင်းဘောင်ကျေးရွာအုပ်စုရှိ တောင်သူများ၏ လက်ဝယ်သို့ သစ်စိမ်းမြေဩဇာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးကြပြီး တောင်သူ ဒေါ်မော်မော်ဝင်း၏ လယ်မြေ ဧက ၂၀ အတွင်း သစ်စိမ်း မြေဩဇာ မျိုးစေ့များကြဲပက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.