မြဝတီမြို့၏ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းဆောင်ရွက်
မြဝတီ ဧပြီ ၂၃
ကရင်ပြည်နယ် မြဝတီမြို့၏ ပညာရေးကဏ္ဍ
ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြဝတီမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူးနှင့်
တာဝန်ရှိသူများက အမှတ် (၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ RC သုံးထပ်အဆောက်အအုံ
ပညာရေးဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာအား လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း
(မြန်မာနန်း) ကျောင်းဝင်း၌ မီတာ ၄၀၀ အကျယ်အဝင်းရှိသည့် အားကစားကွင်း ပုံဖော်ပြင်ဆင်ခြင်းနှင့်
အုတ်စီရေမြောင်းပြုပြင်ခြင်းကို လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ
ဘက်စုံသုံး ခန်းမဆောင်အား ပြုပြင်ခြင်းနှင့် အားကစားခန်းမ ပြင်ဆင်ပြုပြင် ခြင်းလုပ်ငန်းများကို
ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
မြဝတီမြို့၏ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်
ပြင်ဆင်မွမ်းမံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments